မိုင်းယောင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

မိုင်းယောင်း ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး တက်ရောက်လာသည့် အလံတင်အခမ်းအနားကျင်းပရေးကော်မတီ၊ သဝဏ်လွှာဖတ်ကြားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေးနှင့် ဖိတ်ကြားရေးကော်မတီ၊ လမ်းတံတားများဖွင့်လှစ်ရေးကော်မတီ၊ ပျော်ပွဲရွှင်ပွဲများကျင်းပရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ မီးဘေးလုံခြုံရေးကော်မတီ၊ ကျန်းမာရေးကော်မတီနှင့် ပြန်ကြားရေးကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးစိုင်းဘွန်းစီနှင့် အဖွဲ့ဝင်(၃)လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းထွန်းတို့က (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)