သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်း များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်း အခမ်းအနား တက်ရောက်
Dec 27,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေး ခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 27,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
မိုင်းတုံမြို့ ကျောက်တောင်ဂူ‌တောရဘုန်းကြီးကျောင်း၌ (၂၄)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပ
Dec 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျောက်တောင်ဂူ‌တောရဘုန်းကြီးကျောင်း၌ (၂၄)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲကို ယနေ့နံနက် (၁၀း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားစက်ဘီးစီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်
Dec 26,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ၂၀၂၃ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားစက်ဘီးစီးပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်ကစားသမားများအား မီတာ ၁၀၀၀ စက်ဘီးစီးပြိုင်ပွဲနှင့် အမျိုးသား ၁၅ ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲများကို တာလွှတ်ပေးပြီး ပြိုင်ပွဲများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အမျိုးသား မီတာ ၁၀၀၀ စက်ဘီးစီးပြိုင်ပွဲနှင့် အမျိုးသား ၁၅ ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲများတွင် ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဟုမ္မလင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် ဆရာမများအား မွမ်းမံသင်တန်း ဖွင့်လှစ်
Dec 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-1)မှ (Grade-5)ထိ ဆရာ/မများ မွမ်းမံသင်တန်းကို ဒီဇင်ဘာ(၂၄) ရက်နေ့တွင် ဟုမ္မလင်းမြို့၊ မူလွန် အ-မ-က(၁) ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင်  မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)မှ လေးလပတ် အတွေ့အကြုံနှင့် လူငယ်ကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
Dec 26,2023
ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ငါးသိုင်းချောင်းမြို့ အသင်းခွဲငယ်မှ ကျင်းပပြုလုပ်သော "လေးလပတ် အတွေ့အကြုံနှင့် လူငယ်ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် သက်ကြီးအငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့
Dec 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူလျက်ရှိသည့် သက်ကြီးအငြိမ်းစားဝန်ထမ်းများအား ယနေ့နံနက် (၁၁)နာရီက ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း ပြုလုပ်သည်။