သတင်းများ

ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများဆောင်ပေးနေသည့် ကျောက်ဆည်မြို့နယ် တောင်နံ့သာကျေးရွာမှ နီစိမ်းဝါယိုမျိုးစုံလုပ်ငန်း
Dec 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (၃၈)ခု၊ စဉ့်ကိုင်မြို့နယ် တွင်လုပ်ငန်း(၂၀)ခု၊ တံတားဦး မြို့နယ်တွင် လုပ်ငန်း(၃၉)ခု၊  မြစ်သားမြို့နယ်တွင် လုပ်ငန်း(၆)ခု စုစုပေါင်းလုပ်ငန်း (၁၀၃)ခု လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဆောင်းရာသီတံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 26,2023
၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဆောင်းရာသီတံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရိုးရာခြင်းလုံးပြိုင်ပွဲဝင် အားကစားသမားများနှင့် နည်းပြများ၊ ရိုးရာခြင်းလုံးအားကစား ဝါသနာရှင် ပရိသတ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Dec 26,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနက ကြီးမှူးကျင်းပသော ဒေသတွင်းရှိ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ပါဝင်သည့်အသင်း (၈)သင်းအား (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနရှိ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ပြည်တော်သာကျေးရွာတွင် လူသုံးကုန်ပစ္စည်များ၊ စားသောက်ကုန်ပစ္စည်းများအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်
Dec 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ပတ်သတ်၍ အသိပညာဗဟုသုတများ ကြွယ်ဝစေရေး ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ပြည်တော်သာကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ အသိပညာပေးပွဲ ဟောပြောပွဲနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံ၌  ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ၏ မျက်စိရောဂါဝေဒနာများအား အခမဲ့ ဆက်လက် စမ်းသပ် ခွဲစိတ် ကုသပေးနေမှုအား ကြည့်ရှုအားပေး
Dec 26,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတဒါန, စက္ခုဒါနဆေးရုံတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူ ဆရာတော် ဦးဆောင်သည့် သီတဂူနယ်လှည့် မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မျက်စိရောဂါဝေဒနာရှင်များအား ယနေ့တွင်  ဆက်လက် စမ်းသပ်ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အထိမ်းအမှတ်ပြခန်းများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 26,2023
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အထိမ်းအမှတ်ပြခန်းများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ လူမှုရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပသည်။
ကြံခင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိ/မရှိ အသိပညာပေး စစ်ဆေးဆောင်ရွက်
Dec 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှုအန္တရာယ်မှ ကင်ဝေးစေရန် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား လိုက်နာခြင်းရှိ/မရှိ အသိပညာပေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၈) နာရီအချိန်က ကြံခင်းမြို့ တလိုင်းကျေးရွာ၊ မြို့ဝင်ကားလမ်းမတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ လွယ်(ပလန်)တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုခန်းမဖွင့်ပွဲ ကျင်းပ
Dec 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လွယ်(ပလန်)တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုခန်းမဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါခန်းမတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ လွယ်(ပလန်)တိုင်းရင်းသားအကြီးအကဲဦးဆမ်ယီနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။