သတင်းများ

နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါများ ဈေးကွက်သို့တွင်တွင်ကျယ်ကျယ်ဝင်ရောက်
Oct 28,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တောင်သူများသည် စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သည့် ချည်မျှင်ရှည်ဝါများကို စိုက်ပျိုးခဲ့ရာ ယခုအခါ ဝါများထွက်ရှိလာပြီဖြစ်၍ ဈေးကွက်အတွင်းသို့ တွင်တွင်ကျယ်ကျယ်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ (၂၈)ကြိမ်မြောက် နေ့ညအသံမစဲ အဘိဓမ္မာ(၇)ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကျင်းပ
Oct 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ လောကချမ်းသာအဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ (၂၈)ကြိမ်မြောက် နေ့ညအသံမစဲ အဘိဓမ္မာ(၇)ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ယနေ့နံနက်(၈)နာရီ မိနစ်(၃၀)က မင်းဓမ္မကုန်းတော်ပေါ်ရှိ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) တည်ရှိရာ ဂန္ဓကုဋိတိုက်ကျောင်းတော်ကြီးအတွင်းတွင် ကျင်းပသည်။
ခန္တီးမြို့တွင် ဝန်ထမ်းများအား စားအုန်းဆီများဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး
Oct 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် (၈)နာရီအချိန်က မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှေ့တွင် စားအုန်းဆီများကို ပြင်ပပေါက်ဈေး ထက်သက်သာသောဈေးနှုန်းဖြင့် ဝန်ထမ်းများအားရောင်းချပေးခဲ့သည်။
ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင် ဟားခါးမြို့ ပြည်သူ့ဆေးရုံ၌ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး
Oct 28,2023
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အောက်တိုဘာ ၂၈ ရက်နေ့နံနက်ပိုင်းက ဟားခါးပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေး၊ ခြင်၊ ယင်ပေါက်ပွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား လေကောင်း လေသန့်ရရှိစေရန်နှင့် မျက်စိပသာဒဖြစ်ဖွယ် ပတ်ဝန်းကျင်ဖြစ်စေရန်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်များ၊ ပေါင်းမြက်များ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ကြသည်။
ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲဖွင့်ပွဲနှင့် ဆင်အကအလှ ပြိုင်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ
Oct 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲဖွင့်ပွဲနှင့် ဆင်အကအလှပြိုင်ပွဲအခမ်းအနားကို ရွှေသာလျောင်တော်ခြေတွင် ယနေ့နံနက်(၈)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် အခြေခံပြည်သူများအား ဧရာပဒေသာဆန်(၆၆၀)ပြည်နှင့် ကြက်ဥ(၉၉၀)လုံး၊ ခေါက်ဆွဲခြောက်များ လှူဒါန်း
Oct 28,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပေါင်းနားသိရိမင်္ဂလာကွက်သစ်ရပ်တွင် မြို့နယ်အတွင်းနှင့် ရပ်ကွက်နေပြည်သူ အိမ်ထောင်စု (၃၃၀)အား အောက်တိုဘာ (၂၈)ရက် နံနက် ၈နာရီအချိန်က ဧရာပဒေသာဆန်နှင့် ကြက်ဥ၊ ခေါက်ဆွဲခြောက်များကို ပါရမီကျော်ဆန်စက်ဝိုင်းအတွင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Oct 28,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ တက်ရောက်ခဲ့ကြသည်။
ဓနုဖြူမြို့ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Oct 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်​ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဇာတ်တိုက်​​ လေ့ကျင့်ခဲ့​ကြသည်။