သတင်းများ

ညောင်တုန်းမြို့နယ်တွင် ပင်စင်‌စားဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစစ်‌ဆေးပေးခြင်းများဆောင်ရွက်
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပင်စင်‌စားဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစစ်‌ဆေးပေးခြင်းများ ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာ့စီးပွားရေးဘဏ်ခွဲ (ညောင်တုန်း)၌ ဆောင်ရွက်ခဲ့သည်။
MNCH(မြို့နယ်အဆင့်)အပါအဝင် ကျန်းမာရေးအထောက်အကူပြုဝန်ထမ်းများအတွက် တီဘီစီမံခန့်ခွဲမှုဆိုင်ရာ BHS လေ့ကျင့်ရေးသင်တန်း တွံတေးမြို့၌ ဖွင့်လှစ်
Dec 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး အဖွဲ့ခေါင်းဆောင် ဆရာဝန်ဒေါက်တာ ကြော့မာလာ​မြင့် ခေါင်းဆောင်၍ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေသော အခြေခံကျန်းမာရေးပညာရှင်များ(မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေး) MNCH(မြို့နယ်အဆင့်)အပါအဝင် ကျန်းမာရေးအထောက်အကူပြုဝန်ထမ်းများအတွက် တီဘီစီမံခန့်ခွဲမှုဆိုင်ရာ BHS လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က တွံတေးမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သရက်မြို့၌ (၇၅)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင် (၅၆)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူ
Dec 27,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၇၅) ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင် (၅၆) ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ယနေ့ နံနက် (၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ကျွန်းလှ၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ဆန်နှင့် ဆီထောက်ပံ့ပေးအပ်
Dec 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ယနေ့ နံနက် ၁၀ နာရီက ဆန်နှင့် ဆီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 27,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ၌ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်လေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ပန်းချီ၊ကဗျာ၊စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။ 
ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆွေးနွေး
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နွေစပါးတိုးချဲ့စိုက်ပျိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများသည် ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက လိပ်သေကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံ၍  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Dec 27,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ) တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲပြုလုပ်
Dec 27,2023
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်တွင် ရောက်ရှိမည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက  အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)၌ ပြုလုပ်သည်။