ကျောက်တလုံးကြီးမြို့တွင် မိုးစပါးရိတ်သိမ်းပြီးချိန် ကြက်သွန်ဖြူများစိုက်ပျိုး
Dec 27,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး သနပ်ဖက်၊ ပြောင်း၊ ထောပတ်၊ လိမ္မော်၊ ကြက်သွန်၊ သခွား၊ ပဲစိုက်ပျိုးခြင်းနှင့် အခြားသီးနှံများအား စိုက်ပျိုးလျက်ရှိရာ မိုးစပါးရိတ်သိမ်းပြီးချိန်ကာလဖြစ်၍ အဆိုပါစိုက်ခင်းအတွင်း ကြက်သွန်ဖြူများ ဆက်လက်ထွန်ယက် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။