သတင်းများ

ကျွန်းလှမြို့၌ ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ) သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ
Dec 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)၌ သီတင်းသုံး တော်မူသော သံဃာတော်များအား ယနေ့ နံနက် ၇ နာရီခွဲတွင် ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သိရသည်။
အိမ်မဲမြို့နယ် တကော-ဝါးသမိန်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း) ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန ရန်ပုံငွေ ဖြင့် ဖြူစင်သူကုမ္ပဏီနှင့် ခြူးဝတီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တကော-ဝါးသမိန်လမ်း (အပိုင်း၁)နှင့် အပိုင်း(၂) ကျောက်ချောခင်း ခြင်းလုပ်ငန်းအား‌ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်မှ (၂၄.၁၂.၂၀၂၃)ရက်နေ့တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
လပွတ္တာမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အာဟာရဒါနထောက်ပံ့ခြင်းလုပ်ငန်းများဆောင်ရွက်
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ထောက်ပံ့ လှူဒါန်းခြင်းများကို ယမန်နေ့ နံနက် (၉) နာရီက လပွတ္တာမြို့နယ်၊ အမှတ် (၄)ရပ်ကွက်ရှိ မြန်မာ့ စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အခြေခံပညာ မူလတန်းအဆင့် ကျောင်းပေါင်းစုံ (ကျား) ဘောလုံးပြိုင်ပွဲ ကျင်းပ
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အခြေခံပညာမူလတန်းအဆင့် ကျောင်းပေါင်းစုံ (ကျား) ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဒေးဒရဲ​မြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် နောက်ဆက်တွဲ သင်တန်းဖွင့်လှစ် ပို့ချပေးလျက်ရှိ
Dec 27,2023
ဧရာဝတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန်နှင့် သင်ခန်းစာများကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ဒေးဒရဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေ ထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရ ကျွေးမွေးမှု၊ ထောက်ပံ့ပေးမှုအား လိုက်လံကြည့်ရှု အားပေး
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရကျွေးမွေးမှု၊ ထောက်ပံ့ပေးမှုအား လိုက်လံကြည့်ရှု အားပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၁၂/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးတက်ရောက်
Dec 27,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၁၂/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/ တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။