ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်အတွင်း ကျင်းပပြုလုပ်သော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်အသင်းသားများ၏ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈နာရီက ဇဝနဒီပရပ်ကွက် ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်အသင်းသားတို့မှ စုစုပေါင်း ၇ သင်းဖြင့် ပတ်လည်ယှဉ်ပြိုင်၍ ကစားကြမည်ဖြစ်ရာ ပြိုင်ပွဲကာလမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)