သတင်းများ

အလှူရှင်များက ပေးပို့လှူဒါန်းသည့် အသုံးအ‌ဆောင်ပစ္စည်းများကို ယာယီနေရပ်စွန့်ခွာစခန်းများသို့ သွားရောက်လှူဒါန်း
Nov 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံပြည်သူများအတွက် စေတနာရှင်အလှူရှင်များက ပေးပို့လှူဒါန်းသည့်ပစ္စည်းများကို ယမန်နေ့က ပရိဟိတအဖွဲ့များက အလှူရှင်များကိုယ်စား သွားရောက်ပေးပို့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထားဝယ်မြို့၊ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင်ငှားရမ်းပေး
Nov 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေနံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်း သား/သူများအားသုတ/ရသ စာအုပ် စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆီးချို၊သွေးချို ရောဂါ အသိပညာပေးခြင်းနှင့် အခမဲ့ စစ်ဆေးဆောင်ရွက် ပေးလျက်ရှိ
Nov 15,2023
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ဘိုးဘွားရိပ်သာ၊ ကျေးလက်ကျန်းမာရေးဌာန/ခွဲများနှင့် စိုးမိုးအိုင် ကျေးလက်ကျန်းမာရေးဌာန ခွဲနှင့် ရွာမကျေးရွာတို့တွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ပြည်သူများအား ဆီးချို၊သွေးချိုရောဂါ အခမဲ့ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
မဟာအောင် မြေမြို့နယ်၌ ဆီးချိုသွေးချိုရောဂါ အသိပညာပေးခြင်းနှင့် အခမဲ့စစ်ဆေး ဆောင်ရွက်
Nov 15,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာန ဦးဆောင် ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအား ဆီးချိုသွေးချိုစစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများပံ့ပိုးပေးခြင်း၊ ဆီးချို သွေးချိုရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် လူဦးရေအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိ
Nov 15,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် လူဦးရေအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စုရှိ ပြည်သူများအား လူဦးရေအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို မင်္ဂလာကွက်သစ်ရပ်ကွက် ဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 15,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်
Nov 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၃၀)နာရီအချိန်က ပင်လုံမြို့ ပန်းပျိုးလက်ကိုယ်ပိုင်အလယ်တန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
မိုင်းယုမြို့၌ လူငယ်ရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်
Nov 15,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် လူငယ်ရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။