ပင်းတယမြို့နယ်၌ ဆီထွက်သီးနှံဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပင်းတယ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၈၈၀ ပေတွင် တည်ရှိပြီး နွေ၊ မိုး၊ ဆောင်းရာသီဥတုကို မျှတစွာ ရရှိသော တောင်ပေါ်ဒေသဖြစ်၍ အဆိုပါဒေသတွင် နေထိုင်သူအများစုမှာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ယခုအခါ ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။

ယခုလက်ရှိ ပင်းတယမြို့နယ်၌ ဆီနေကြာ ဆယ်ပိဿာတစ်ပုံးလျှင် ကျပ် ( ၁၅၀၀၀ဝိ/- ) မှ ကျပ် (၁၆၀၀၀ဝိ/-) ထိရရှိနေကြောင်းသိရပြီး၊ အဆိုပါဒေသတွင် နေထိုင်ကြသူများမှာ ဒေသရိုးရာ အစားအစာများဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်လုပ်ငန်းအပြင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ ၊ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့်လယ်ယာစသည့်တို့ကို တနိုင်တပိုင်စီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး၊ အိမ်တွင်းမှုရိုးရာလက်မှုပညာဖြစ်သော ထီး၊ ခမောက်၊ ရှမ်းစက္ကူလုပ်ငန်းများကိုလည်း လုပ်ကိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။

အောင်ကိုဦး(ဒေသပြန်/ဆက်)