(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နတ်မောက်မြို့၌ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

နတ်မောက် ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဒေသခံပြည်သူများ  အားကစားပြုလုပ်ပေးခြင်းဖြင့် ရွှင်လန်းသောစိတ်၊ ထက်မြက်သော ဦးနှောက်များပိုင်ဆိုင်နိုင်ပြီး အချင်းချင်းပူးပေါင်း၍  အားကစားစိတ်ဓာတ်မြင့်မားလာစေရန်  ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်ရှေ့တွင် အားကစားပြိုင်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲများမှာ စစ်တုရင်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ပြေးခုံပစ်အားကစားပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်စသည့်ပြိုင်ပွဲများကို ၃၁-၁၂-၂၀၂၃ ရက်နေ့မှ ၄-၁-၂၀၂၄ ရက်နေ့အထိ  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အား/ကာမှူးထံမှ သိရသည်။

လှဝင်း