ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်းဝင်း ကျုံကနိကျေးရွာတွင် ပိုက်ဆံလျှော်၊ နေကြာ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် အ.မ.က ကျုံကနိကျောင်းစု ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှု

အိမ်မဲ ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်းဝင်းနှင့် အဖွဲ့သည် အိမ်မဲမြို့နယ် ကျုံကနိ ကျေးရွာတွင် ပိုက်ဆံလျှော်၊ နေကြာ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် အ.မ.က ကျုံကနိ ကျောင်းစု ကျောင်းဆောင်သစ်ဆောက်လုပ်ပြီး စီးမှုအခြေအနေများအား ယမန်နေ့ မွန်းလွဲက ကြည့်ရှုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့တို့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်တွင် အိမ်မဲမြို့နယ် ကျုံကနိကျေးရွာအုပ်စု ကျောင်းစုကျေးရွာသို့ ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။ ဆက်လက်ပြီး အဆိုပါ ကျေးရွာမှ ကွင်းအမှတ် ၁၇၄ က၊ ဦးပိုင်အမှတ် ၇/၆ ရှိ တောင်သူ ဦးသန်းဝင်းနှင့် ဦးသန်းညွန့်တို့ စိုက်ပျိုးထားရှိသည့် ပိုက်ဆံလျှော် (၂၀) ဧက၊ နေကြာ ()ဧက စိုက်ပျိုးထားရှိမှုအားလည်းကောင်း၊ အ.မ.က ကျုံကနိ ကျောင်းစု ကျောင်းဆောင်သစ် (၆၀×၃၀) ပေ ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၊ အ.မ.က ကျုံကနိကျောင်းစု ကျောင်းအုပ်ဆရာကြီးတို့မှ ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ)