မုဒုံ ဇန်နဝါရီ ၁၁
မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၄)ရပ်ကွက်ရှိ ဂျုံးဂျုံးဂျတောရပရိယတ္တိစာသင်တိုက်၌ (၈၆)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို ယနေ့နံနက် ၆ နာရီက ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ကရင်စာပေနှင့်ယဥ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ စောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဒေသခံကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြု၍ ကရင်တိုင်းရင်းသားအလံအား လွှင့်တင်ခဲ့သည်။ ထို့နောက် ကရင်အမျိုးသားစောကွယ်ထူးမှ အခမ်းအနားကို ဖြစ်မြောက်အောင် ဝိုင်းဝန်ဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် နှစ်သစ်ဆုတောင်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဂျုံးဂျုံးဂျဆရာတော် ဘဒ္ဒန္တကိတ္တိဝဏ္ဏထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးနှင့် ပင့်သံဃာ (၇)ပါးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)