မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူအိ၊ ဒုတိယပါမောက္ခချုပ်များနှင့် ဌာနမှူးများ၊ ဆရာဆရာများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်းကြကြောင်း သိရသည်။

အခမ်းအနားတွင် မိတ္ထီလာစီးပွားတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ဒေါက်တာ ဖြူဖြူအိက မောင်မယ် သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာမော်မော်ခင်နှင့် ဒေါက်တာသီတာထူးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် သင်တန်းရေးရာများအကြောင်းကို ပြောကြားခဲ့သည်။ ယင်းနောက် မေဂျာဌာနများကိုယ်စား ပါမောက္ခ၊ ဌာနမှူးများက မိတ်ဆက်ခဲ့ပြီး ဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူများက မြန်မာ့ရိုးရာအကများ၊ တေးသံသာများဖြင့် ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၌ ပထမနှစ်ကျောင်းသား၊ ကျောင်းသူ ၇၀၀ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)