တီးတိန်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ရန်ပုံငွေရယူထားသော တောင်သူများအား စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ပြုလုပ်

တီးတိန်   ဇန်နဝါရီ   ၁၁

ချင်းပြည်နယ်၊ တီးတိန်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ရန်ပုံငွေရယူထားသော တောင်သူများ စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းက အမှာစကားပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရွှေအုပ်ထန်းက စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဦးစီးမှူးများက စိုက်ပျိုးရေးအသိပညာပေး ဟောပြောကာ ဒေသခံတောင်သူများနှင့် အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါ စိုက်ပျိုးရေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးအကောင်အထည်ဖော်မှုစီမံကြီးကြပ်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

ဒိုင်းခန့်ဒိမ့်