သတင်းများ

တွန်းဇံမြို့၌  နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jul 22,2026
ချင်းပြည်နယ် တီးတိန်ခရိုင်၊ တွန်းဇံမြို့၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများပေးအပ်ခြင်း အခမ်းအအနားကို ယမန်နေ့ နေ့လယ် (၁၁) နာရီအချိန် က  ခေါဝုန်/လေးဆန်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း ယာယီခန်းမ‌ဆောင်၌ ကျင်းပ ခဲ့ကြကြောင်း သိရသည်။
တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိ
Jul 22,2026
ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း သိရသည်။
တွန်းဇံမြို့ပြည်သူ့ဆေးရုံ၌ တပ်ဆင်ထားသော Solar system (3.5 Kw) တပ်ဆင်မှုအား ကြည့်ရှု စစ်ဆေးခြင်းနှင့် လူနာများအား အားပေးကြည့်ရှု
Jul 22,2026
ချင်းပြည်နယ် တွန်းဇံမြို့ပြည်သူ့ဆေးရုံအတွက် အရေးပေါ် လိုအပ်နေသော လျှပ်စစ်မီးရရှိရေး ရပ်မိရပ်ဖများနှင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ စုပေါင်းအလှူငွေဖြင့် ဝယ်ယူတပ်ဆင်ထားသော Solar system (3.5Kw) တပ်ဆင်ခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့များက  ယမန်နေ့ မွန်းတည့်အချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင် နိုင်ငံ့ဝန်ထမ်း ပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုအား ကြည့်ရှုအားပေး
Jul 22,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံမှုဖြင့်အငြိမ်းစားလစာငွေများ လာရောက်ထုတ်ယူသူများကို ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သည့် အထူးကုဆရာဝန်များက ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။
ကျိုက်ထိုမြို့နယ်၌ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 21,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက် ကုန်ဖြစ်သည့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာမှ ဖြန့်ဝေပေးထားသော စားအုန်းဆီများကို ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ဇူလိုင် ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံသည် စားအုန်းဆီကွင်းဆင်းစစ်ဆေးရေး အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးရာသီ Rice Export Zone စီမံကိန်းတွင် ပါဝင်ဆောင်ရွက်သည့်တောင်သူများအား စိုက်ပျိုးစရိတ်ထောက်ပံ့ပေး အပ်ပွဲအခမ်းအနား ကျင်းပ
Jul 21,2026
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် Rice Export Zone စီမံချက်အား MMKH Company နှင့် Wing Dragon Myanmar Company တို့ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား စိုက်ပျိုးရေးစရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကြယ်နီဆန်စက်တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ် အ-ထ-က(၁)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ခိုက်ရန်ဖြစ်ပွားမှုမရှိရေး ဥပဒေပညာပေးဟောပြော
Jul 21,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အထက ၁ ကျောင်း၌ ကျောင်းသား/ ကျောင်းသူများ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ခိုက်ရန်ဖြစ်ပွားမှုမရှိရေး ဥပဒေပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂၁ ရက်နေ့၊ မွန်းလွဲ (၁)နာရီကစတင်၍ အ-ထ-က(၁) ရာပြည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် ညောင်လန်းကျေးရွာအုပ်စု ကြံခင်းကျေးရွာ၌ ကတ္တရာလမ်းတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်မည်
Jul 21,2026
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်၍ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လမ်း၊ တံတားများ ဆောင်ရွက်ပေးလျက်ရှိရာ ညောင်လန်းကျေးရွာအုပ်စု ကြံခင်းကျေးရွာ၌ ကတ္တရာလမ်းတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ပေးနိုင်ရေး ဇူလိုင်လ(၂၁) ရက်နေ့က တာဝန်ရှိသူများမှ ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။