တွန်းဇံ ဇူလိုင် ၂၂
ချင်းပြည်နယ် တွန်းဇံမြို့ပြည်သူ့ဆေးရုံအတွက် အရေးပေါ် လိုအပ်နေသော လျှပ်စစ်မီးရရှိရေး ရပ်မိရပ်ဖများနှင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ စုပေါင်းအလှူငွေဖြင့် ဝယ်ယူတပ်ဆင်ထားသော Solar system (3.5Kw) တပ်ဆင်ခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့များက ယမန်နေ့ မွန်းတည့်အချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ မြိုနယ်ပြည်သူ့ဆေးရုံတွင် တပ်ဆင်ထားသော Solar system (3.5 Kw) တပ်ဆင်မှု အားကြည့်ရှူ့စစ်ဆေးပြီးနောက် ဆေးကုသမှုခံယူနေသော အတွင်းလူနာများအား တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းထောက်ပံ့ပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့သည်။
အဆိုပါကွင်းဆင်း ကြည့်ရှု့စစ်ဆေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးနှိုင်းခေါဂေ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးယွမ်းဟုန်း၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တာဝန်ခံ ဦးရှိန်းအွမ်တို့ လိုက်ပါခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်