သတင်းများ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်း စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Jul 22,2026
အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
​​တောင်ငူမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ (​တောင်ငူ) တွင် ကာလတို သင်တန်းဆင်းပွဲနှင့် Project  Show ပြပွဲကျင်းပ
Jul 22,2026
​သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနလက်အောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) ၌ ကျင်းပပြုလုပ်သော ၂/၂၀၂၆ ကာလတို သင်တန်းဆင်းပွဲနှင့် Project Show ပြပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ ယနေ့နံနက်ပိုင်းက​ ကျင်းပခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ရွာတန်းရှည်ဓာတ်အားခွဲရုံပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ အခြေခံပညာ ကျောင်းများ၌ အာဟာရဖြည့်စွက်စာများကျွေးမွေးမှု ကြည့်ရှုအားပေး
Jul 22,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက် နေထိုင်သည့် ပြည်သူများအား စနစ်တကျပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများ လိုက်ပါလျက် ရွာတန်းရှည် ဓာတ်အားခွဲရုံ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း ဧက ၈၀၀၀ ကျော်စိုက်ပျိုးပြီးစီး
Jul 22,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးရာသီ၌ အစေ့ထုတ်ပြောင်း ဧက ၈၀၀၀‌ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ
Jul 22,2026
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ အောင်သင်းရေးသားသည့် “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးပြည်သူနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Jul 22,2026
တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အစိုးရနှင့်ပြည်သူများအကြား အပြန်အလှန် ဆွေးနွေးတိုင်ပင်တတ်သည့် အလေ့အထများ ပိုမို ထွန်းကားလာစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူနှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေး ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊  ဆန်းချီရပ်ကွက်၊ ဓမ္မာရုံ၌ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ “ဝါးလက်မှုသင်တန်း” ဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
Jul 22,2026
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် “ဝါးလက်မှုသင်တန်း”ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ နာဂစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင် တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
နောင်မွန်းမြို့နယ်၌ လူကုန်ကူးမှုနှင့်မူးယစ်‌ဝါးအန္တရာယ်နှင့် စာ‌ပေအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 22,2026
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊နောင်မွန်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီချိန်က အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။