သတင်းများ

(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 23,2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၈) ကြိမ်မြောက် တိပိကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်မြို့ အင်းရဲလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လမ်းဖွင့်ပွဲပြုလုပ်
Dec 23,2025
(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အင်းရဲလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လမ်းဖွင့်ပွဲအား ဒီဇင်ဘာ ၂၂ ရက် နံနက်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ချုပ်) နှစ် (၃ဝ) ပြည့် ဂုဏ်ပြုပွဲကျင်းပ
Dec 23,2025
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ချုပ်) နှစ် (၃ဝ) ပြည့် ဂုဏ်ပြုပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ အဆိုပါအသင်းချုပ် Function Hall ၌ ကျင်းပသည်။
ငွေဆောင်မြို့တွင် ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံနေရာများအား တာဝန်ရှိသူများမှ ဆက်လက်ကွင်းဆင်းစစ်ဆေး
Dec 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်မည့် သတ်မှတ်မဲရုံနေရာများအား (၂၀.၁၂.၂၀၂၅)ရက်နေ့မှ စတင်၍ မြို့အုပ်ချုပ်ရေးမှူးဦးဝင်းမင်းကိုနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်သို့ ကွင်းဆင်း၍ မဲရုံများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာများအတွင်း ကပ်ထားကြေညာလျက်ရှိ
Dec 23,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ်မဲဆန္ဒရှင် စာရင်းများကို ယနေ့က စတင်ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့၌ မဲစာရင်းကပ်ထား‌မှုများနှင့် ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှု
Dec 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်း၌ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်းကပ်ထားမှုကြေညာထားရှိမှုများ၊ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ လိုက်လံကြည့်ရှုခဲ့ကြသည်။
ရန်ကင်းမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁‌၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး၌ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကန့်ဘလူမြို့ အမှတ်( ၂)ရပ်ကွက်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေး
Dec 23,2025
ကန့်ဘလူမြို့နယ်အတွင်း ရွေးကောက်ပွဲဆောင်ရွက်မည့် ရပ်ကွက်/ ကျေးရွာများတွင် နေထိုင်လျက်ရှိသော ပြည်သူများ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက် ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းကို ဒီဇင်ဘာ ၁၉ ရက်နံနက် ၁၀ နာရီက ကန့်ဘလူ မြို့ အမှတ်( ၂)မူလွန်ကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။