ဖြူး ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အထက ၁ ကျောင်း၌ ကျောင်းသား/ ကျောင်းသူများ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ခိုက်ရန်ဖြစ်ပွားမှုမရှိရေး ဥပဒေပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂၁ ရက်နေ့၊ မွန်းလွဲ (၁)နာရီကစတင်၍ အ-ထ-က(၁) ရာပြည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဖြူးမြို့မရဲစခန်းမှူး၊ ဒုရဲမှူးအောင်လင်းက တက်ရောက်လာကြသော အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၀၀)ဦးခန့်အား မူးယစ်ဆေးဝါး အန္တရာယ်နှင့် ခိုက်ရန်ဖြစ်ပွားမှုများမရှိရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)