သတင်းများ

ရွှေကျင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ
Jul 21,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရွှေကျင်မြို့နယ် စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုပြီး ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူ(၃၈)ဦးတို့အား ဂုဏ်ပြုမှတ်တမ်း၊ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ပညာသင်ထောက်ပံ့ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ရှမ်းကြေးရပ်ကွက်၊ ဆေးရုံဟောင်းလမ်းရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ် သမင်ခြံကျေးရွာ၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် သမင်ခြံကျေးရွာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်က သမင်ခြံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မော်လမြိုင်မြို့ အဆင့်မြင့်ငါးစျေးသစ်အတွင်း ကွင်းဆင်းကြည့်ရှု၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၊ မော်လမြိုင်စက်မှုဇုန်အား လှည့်လည်ကြည့်ရှု
Jul 21,2026
မော်လမြိုင်မြို့၊ မုပွန်တိုးချဲ့အိမ်ရာကွက် အဆင့်မြင့်ငါးစျေးသစ်သို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက သားငါးဈေးတန်းများတွင် ဈေးရောင်း/ဝယ်သူများ ရေချို/ငန် ငါး ပုဇွန် ပင်လယ်စာများလွတ်လပ် အေးချမ်းစွာရောင်းဝယ်ဖောက်ကား ဈေးရောင်းချနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၌ ပိုမိုကောင်းမွန်သော သတင်းရေးသားနည်းသင်တန်းဖွင့်
Jul 21,2026
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စီစဉ်ဖွင့်လှစ်သော သတင်းမီဒီယာသင်တန်း အမှတ်စဉ် (၈) ပိုမိုကောင်းမွန်သော သတင်းရေးသားနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို သတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန (ဗဟန်း)တို့ကို ကြည့်ရှုစစ်ဆေး
Jul 21,2026
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်ရှိ ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန (ဗဟန်း)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
သံဖြူဇရပ်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 21,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
တိုက်ကြီးမွေးမြူရေးဇုန်တွင် နို့စားနွားမွေးမြူရေးသင်တန်း ဖွင့်လှစ်
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် နို့စားနွားမွေးမြူရေးသင်တန်းကို ယမန်နေ့က တိုက်ကြီးမွေးမြူရေးဇုန် ရှင်းလင်းဆောင်တွင် ဖွင့်လှစ်သည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ဘအခြေခံဂျူဒိုသင်တန်း ဖွင့်လှစ်
Jul 21,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေ တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇူလိုင် ၂၀ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်ဖွင့်လှစ်သော အခြေခံဂျူဒိုသင်တန်း ဖွင့်လှစ်ခဲ့သည်။