သတင်းများ

ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Jul 22,2026
မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၂)အခြေခံပညာအထက်တန်း းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အဆိုပါကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
စဉ့်ကိုင်မြို့နယ် စံပြကျေးရွာ၌ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ အသိပညာ၊ အတတ်ပညာများရရှိပြီး ဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်သည့် အ‌လေ့အကျင့်‌ကောင်းများ ရရှိလာစေရန် အသိပညာပေး ဟောပြောပွဲကို စံပြကျေးရွာ၌ ဇူလိုင်လ ၂၁ ရက် နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့၌တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jul 22,2026
ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ တက္ကသိုလ်ဝင်တန်းထူးချွန်စွာ အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန့်နေ့နံနက် ၁၀ နာရီက ပြုလုပ် သည်။
တောင်တွင်းကြီးမြို့နယ် Quick Win ရက် ၁၀၀စီမံချက်အတွင်းကျောင်းအ​ခြေပြု (School based)  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်
Jul 22,2026
ရက်၁၀၀ စီမံချက်ဖြင့် Quick Win ကျောင်းအခြေပြု (School based) မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည်  ကုက္ကိုခွကျေးရွာ၊  အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာတွင် စိုက်ပျိုးထားသော တိုင်ထောင်ပဲတောင့်ရှည်များ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချသဖြင့်  မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ
Jul 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ကြက်သွန်၊ ပဲတီစိမ်း၊ ငရုပ်၊ ငှက်ပျော၊ ဝါ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး မြစ်၊ချောင်းများဘေးရှိ နှုန်းတင်မြေနုများနှင့် ယာမြေအချို့တွင် ပန်းမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊  သီးပင်စားပင်များ စိုက်ပျိုးကြရာ ဇရပ်ဖြူကျေးရွာတွင် ဦးအေးကို စိုက်ပျိုးထားသော တိုင်ထောင်ပဲတောင့်ရှည်များ အောင်မြင်ဖြစ်ထွန်းပြီး  နေ့စဉ်ခူးဆွတ် ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျှက် ရှိကြောင်း သိရှိရသည်။        
ကန့်ဘလူမြို့နယ်၌ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 22,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၀) စက်မှုလယ်ယာစခန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၌၍ လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် ပေါ်ဆန်းရင်(ဘေးကြား)စပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ကန့်ဘလူမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု အင်ဖက်တောကျေးရွာ ကွင်းအမှတ်(၅၉၁)၊ ဦးပိုင် အမှတ်(၆၂) တောင်သူ ဦးဟန်ဝင်းဘို၏ လယ်မြေ ခြောက်ဧကအတွင်း ကျင်းပသည်။
မိုးနဲမြို့နယ်၌ ပိုးသတ်ဆေးအရောင်းဆိုင်များအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်
Jul 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ တရားဝင်မှတ်ပုံတင်၍ ရောင်းချ နေသော ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာသွင်းအားစု အရောင်းဆိုင်များအား ဥပဒေနှင့်အညီ ရောင်းချမှုရှိ/မရှိ၊ တားမြစ်ကန့်သတ်ထားသော ဓာတုပစ္စည်းများ ရောင်းချမှုရှိ/မရှိကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ချောက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပ
Jul 22,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယမန့်‌နေ့နံနက် ၁၀ နာရီက ချောက် မြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။