သတင်းများ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 21,2026
မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏  (၁/၂၀၂၆)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ  မွန်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မွန်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများဖွဲ့ စည်းထားပြီးဖြစ်ပါကြောင်း၊ သဘာဝဘေး ဖြစ်ပေါ်လာပါက ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်းကျေရွာများအထိ အသံချဲ့စက်များဖြင့် နှိုးဆော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လူ့အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေး အလေးထား ဆောက်ရွက်ကြရန်နှင့်  ရရှိသည့် မိုးလေဝသသတင်းအပေါ်မူတည်၍ အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် အရေးကြီးပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို သီးခြားစုဖွဲ့ထားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ညောင်တုန်းမြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျှင်မြန်စွာတုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန်ရည်ရွယ်၍ သဘာ၀ဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်‌လေ့ကျင့်ခြင်း (ရေပြင်ရှာဖွေကယ်ဆယ်ရေး) သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ညောင်တုန်းမြို့၊ ပန်းလှိုင်မြစ်အတွင်း၌ ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့တွင် အရန်သားဖွားဆရာမများ(အခြေခံ) သင်တန်းဆင်းပွဲ ကျင်းပ
Jul 21,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အရန်သားဖွားဆရာမများ(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံရှိ ခန်း‌မဆောင်တွင်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်အောင်နှင့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူ အရန်သားဖွားဆရာမများ တတ်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံမြို့ အ.မ.က(၇၉) ဂျိုင်လယ်ကျောင်းတွင် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.မ.က(၇၉) ဂျိုင်လယ်ကျောင်းတွင် ယနေ့နံနက် (၁၁) နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့်အောင်မြင်သော ကျောင်းသား/ သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ
Jul 21,2026
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်  အ.ထ.က( ရွှေတောင်) ရတနာခန်းမတွင် ဇူလိုင် ၂၀ ရက်နေ့ နံနက်ပိုင်းက ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သော ကျောင်းသား/ သူများအားဂုဏ်ပြုချီးမြှင့်ပွဲကျင်းပခဲ့သည်။
ကလေးမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ငှက်ပျောပင်များ စုပေါင်းစိုက်ပျိုး
Jul 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်ဝစေရန်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်ရည်ရွယ်၍ နေ့စဉ်ငှက်ပျောသီး ကျွေးမွေးနိုင်ရန်အတွက် စုပေါင်း ငှက်ပျောပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးမြို့၌ (၄၄) ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်
Jul 21,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၄) ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jul 21,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က အ.လ.က  ပြည်တော်သာကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်း ဆောင်ရွက်သည်။