တွန်းဇံ ဇူလိုင် ၂၂
ချင်းပြည်နယ် တီးတိန်ခရိုင်၊ တွန်းဇံမြို့၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများပေးအပ်ခြင်း အခမ်းအအနားကို ယမန်နေ့ နေ့လယ် (၁၁) နာရီအချိန် က ခေါဝုန်/လေးဆန်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း ယာယီခန်းမဆောင်၌ ကျင်းပ ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့် အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ တွန်းဇံမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမင်းဇော်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးရခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျောင်းသား ကျောင်းသူ (၁၁၂) ဦးထံ အသီးသီး ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးအောင်နိုင်ဦးနှင့် ဆရာ/ဆရာမများ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)