သတင်းများ

သာယာဝတီမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ
Jul 21,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီက ဂုံမင်းမြောင်ကျေးရွာ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ကော့မှူးမြို့နယ် သရက်တောကျေးရွာ၌ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲကျင်းပ
Jul 21,2026
ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်သရက်‌တော ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်းကျင်းပသော သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်‌ လေ့ကျင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မုတ်ကျွန်းတာ (သရက်တောအပိုင်း) သရက်တောကျေးရွာအုပ်စု၌ ကျင်းပခဲ့ကြောင်း သိရသည်။
တိုင်းရင်းဆေးအသိပညာပေး ဟောပြောပွဲ အလုံမြို့နယ်၌ ကျင်းပ
Jul 21,2026
တိုင်းရင်းဆေးအသိပညာပေး ဟောပြောပွဲကို အလုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်တွင် အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် ဒေသခံပြည်သူ (၁၀၀) ကျော်တို့အား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့
Jul 21,2026
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံတွင် သာယာဝတီခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ အဖွဲ့သည် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့သည်။
ပဲခူးမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Jul 21,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျယ်ပြန့်သော အသိပညာဗဟုသုတများ ရရှိစေရန်၊ အတွေးအမြင်များကို လွတ်လပ်စွာ ဖလှယ်ဆွေးနွေးနိုင်စွမ်းနှင့် ယုံကြည်မှုရှိစွာ ပြောဆိုတင်ပြနိုင်သည့် နှုတ်မှုစွမ်းရည်များ တိုးတက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့က ပဲခူးမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်ခရိုင်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ဆောင်ရွက်ပေးနိုင်ရေးဆောင်ရွက်
Jul 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် သဗြေချောင်းကျေးရွာအုပ်စု၊ သဗြေချောင်းကျေးရွာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင်  ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်/ကျေးရွာအဆင့်ကျေးရွာ မြေငှားဂရန်ထုတ်ပေးနိုင်ရေး လုပ်ငန်းအဖွဲ့ဝင်များက ကွင်းဆင်း၍စစ်ဆေးကြည့်ရှုခဲ့ကြသည်။
မြစ်သားမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
Jul 21,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့စမ်းသပ်စစ်ဆေးခြင်းကို ဇူလိုင် ၂၁ ရက် နံနက် ၇ နာရီက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်သည်။