သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး စစ်ကိုင်းမြို့မရဲစခန်းအချုပ်ခန်းအား ကြည့်ရှုစစ်ဆေး
Jul 22,2026
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးဒေါ်မိမိစိန်သည် စစ်ကိုင်းခရိုင် တရားသူကြီး စစ်ကိုင်းမြို့နယ်တရားသူကြီးတို့နှင့်အတူ ဇူလိုင်(၂၂)ရက်က စစ်ကိုင်းမြို့ရှိ မြို့မရဲစခန်း အချုပ်ခန်းကို ကြည့်ရှုစစ်ဆေးသည်။
ရွှေကျင်မြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပေါင်ချိန်ခြင်းနှင့် ဖြည့်စွက်အာဟာရများ ထောက်ပံ့ပေးအပ်
Jul 22,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပေါင်ချိန်ခြင်းနှင့် ဖြည့်စွက်အာဟာရများ  ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲအချိန်မှစ၍ ညောင်ဝိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်   ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ် ​လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကျင်းပ
Jul 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ၊ စာအုပ် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)  ရေးဆွဲခြင်းလုပ်ငန်းနှင့် နှစ်အလိုက် ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP) ရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သင်တန်းဖွင့်လှစ်ပို့ချ
Jul 22,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)  ရေးဆွဲခြင်းလုပ်ငန်းနှင့် နှစ်အလိုက် ကျေးရွာဖွံ့ဖြိုး ရန်ပုံငွေ သုံးစွဲရေးအစီအစဉ် (AVIP) ရေးဆွဲခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့က ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
တမူးမြို့၌ ဒုတိယအကြိမ်မြောက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ
Jul 22,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်၊ ဝန်ထမ်းအိမ်ရာအနီး၊ တမူး-ဟဲဇင်းကျေးရွာသွားလမ်းဘေး၌ ဒုတိယအကြိမ်မြောက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။
လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကရာတေးသင်တန်း  (အခမဲ့)ဖွင့်လှစ်
Jul 22,2026
မန္တလေးတိုင်းဒေသကြီး၊ ‌ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍  ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၃)နာရီက ကရာတေး သင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရှသည်။
လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကရာတေးသင်တန်း  (အခမဲ့)ဖွင့်လှစ်
Jul 22,2026
မန္တလေးတိုင်းဒေသကြီး၊ ‌ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍  ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ ညနေ(၃)နာရီက ကရာတေး သင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြိုနယ်၌ ဆိတ်ပလိပ်ရောဂါစူးစမ်းရှာဖွေနိုင်ရေး သွေးရည်ကြည်နမူနာပစ္စည်းများ ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 22,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စဉ့်ကိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဆိတ်ပလိပ်ရောဂါ ကင်းရှင်းကြောင်း စူးစမ်းဖော်ထုတ်နိုင်ရေးအတွက် သွေးရည်ကြည် နမူနာပစ္စည်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက တပ်ကြီးကျေးရွာအုပ်စု၊ တပ်ကြီးကျေးရွာ၊ မုန်ပင်ကျေးရွာအုပ်စု၊ ကန်ကြီးကျေးရွာနှင့် ရွာသစ်ကျေးရွာအုပ်စုတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။