ချောင်းဆုံ ဇူလိုင် ၂၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်၍ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လမ်း၊ တံတားများ ဆောင်ရွက်ပေးလျက်ရှိရာ ညောင်လန်းကျေးရွာအုပ်စု ကြံခင်းကျေးရွာ၌ ကတ္တရာလမ်းတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ပေးနိုင်ရေး ဇူလိုင်လ(၂၁) ရက်နေ့က တာဝန်ရှိသူများမှ ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းတိုင်းတာခြင်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများ၊ ရပ်/ကျေးအဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြပြီး (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ကတ္တရာလမ်းတိုးချဲ့ခြင်းကို လမ်းအရှည်ပေ (၁၃၈၅) ပေနှင့် ထပ်ပိုးလွှာခင်းခြင်းကို လမ်းအရှည်ပေ (၁၈၁၆)ပေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောင်ရွက်ပြီးစီးပါက ကြံခင်းကျေးရွာရှိ အိမ်ထောင်စု (၁၀၀)ကျော်၏ နေ့စဉ်လူမှုဘဝ လုပ်ငန်းများအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)