ပဲခူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Jul 21,2026
ကျောင်းသား၊ကျောင်းသူ လူငယ်များအနေဖြင့် ကျယ်ပြန့်သော အသိပညာဗဟုသုတများရရှိစေရန်၊ အတွေးအမြင်များကို လွတ်လပ်စွာဖလှယ်ဆွေးနွေးနိုင်စွမ်းနှင့် ယုံကြည်မှုရှိစွာ ပြောဆို တင်ပြနိုင်သည့် နှုတ်မှုစွမ်းရည်များ တိုးတက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။