ကျောက်တလုံးကြီးမြို့တွင် အထူးကုကွင်းဆင်းဆေးကုသမှုအစီအစဉ် ဆောင်ရွက်
Dec 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အထူးကုကွင်းဆင်းဆေးကုသမှုအစီအစဉ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆရာဝန်အဖွဲ့ (၇) ဖွဲ့ အခမဲ့ကွင်းဆင်းစစ်ဆေးကုသပေးခြင်းကို ပထမနိမ္မိတသပိတ်မြတ်ဘုရားတွင် ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်သယံဇာသရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။