ကော့မှူးတွင် စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းကျင်းပ
Jul 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများ၊ Book Club အဖွဲ့ဝင်များ၊Youth Clubအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကို ယမန့်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။