ကြည့်မြင်တိုင်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

ကြည့်မြင်တိုင်  ဇွန်  ၂၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ အောင်သင်းရေးသားသည့် “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကြည့်မြင်တိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်ဝိုင်းကို ကျင်းပခဲ့ရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းမှ  အဖွဲ့ဝင်များက စာရေးဆရာအောင်သင်းရေးသားသည့် “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်တွင် တန်ဖိုးရှိအောင်နေထိုင်ခြင်းနှင့် တန်ဖိုးသုံးမျိုးအကြောင်း စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းသို့  စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အသင်းမှ အဖွဲ့ဝင်များတက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)