တောင်ငူ ဇူလိုင် ၂၂
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနလက်အောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) ၌ ကျင်းပပြုလုပ်သော ၂/၂၀၂၆ ကာလတို သင်တန်းဆင်းပွဲနှင့် Project Show ပြပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ဆိုလာတပ်ဆင်အသုံးပြုနည်းသင်တန်း၊ သံချည်သံကွေးသင်တန်း၊ Networkingသင်တန်း၊ ဘက်စုံသုံးဆပ်ပြာရည်နှင့် မှန်ကြည်ဆေး ပြုလုပ်နည်းသင်တန်း စသော သင်တန်း(၄)ခုကို ကျွမ်းကျင်မှုရရှိစေရန် ရည်ရွယ်၍ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ သင်တန်းဆင်းအခမ်းအနားတွင် တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်ဇော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ) ကျောင်းအုပ်ကြီး ဒေါက်တာကျော့ကျော့ရီက (၂/၂၀၂၆) Project Show ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် Digital Transformation ဆောင်ရွက်နေခြင်းတို့အား ရှင်းလင်းပြောကြားပြီး သင်တန်းတက်ရောက်အောင်မြင်ခဲ့ကြသည့် သင်တန်းသူ၊ သင်တန်း သား(၁၀၂) ဦးအား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)မှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသား၊ ကျောင်းသူများ ပထမရက်(၁၀၀)တွင် ဆောင်ရွက်ခဲ့သော လက်တွေ့ထုတ်လုပ် ပြသထားသည့် Project Show ပြခန်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)