နောင်မွန်း ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊နောင်မွန်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီချိန်က အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုရဲအုပ် ထူးဇော်ဟန်က မူးယစ်ဆေးဝါး အန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ဆိုင်ရာ အသိပညာပေးကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခိုင်သက်မွန်က စာပေ ဖတ်ရှုခြင်းဖြင့် ရရှိသည့် အကျိုးရလာဒ်များကိုလည်းကောင်း၊ အမျိုးသမီးရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်မဘုဇမီရမ်နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင် ဒေါ်ကူရှင်ဇမီရမ်တို့က လူကုန်ကူးမှုဆိုင်ရာ တားဆီး ကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲတွင်တက်ရောက်လာကြသောကျောင်သားကျောင်းသူများအား "လူ လူ လူ လူသည်ရောင်းကုန်မဟုတ်ပါ "လက်ကမ်းစာစောင်များဝေဌပြီး ပြန်/ဆက်ဌာနမှ ကလေး အလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့သည်။
ဖြူစင်(နောင်မွန်း)