မိုးနဲမြို့နယ်၌ ပိုးသတ်ဆေးအရောင်းဆိုင်များအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

မိုးနဲ ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ တရားဝင်မှတ်ပုံတင်၍ ရောင်းချ နေသော ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာသွင်းအားစု အရောင်းဆိုင်များအား ဥပဒေနှင့်အညီ ရောင်းချမှုရှိ/မရှိ၊ တားမြစ်ကန့်သတ်ထားသော ဓာတုပစ္စည်းများ ရောင်းချမှုရှိ/မရှိကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် (CPA) လက်မှတ်ရရှိမှသာ ပိုးသတ်ဆေး ရောင်းချသင့်ပါကြောင်း၊ တောင်သူများအား ရောင်းချပါက ပိုးသတ်ဆေးအကြောင်း အသိပညာပေးပြီးမှ ရောင်းချ သင့်ပါကြောင်း၊ ဓာတ်မြေဩဇာများနှင့် သွင်းအားစုများကို သတ်မှတ်ဈေးနှုန်းဖြင့်သာ ပြန်လည်ရောင်းချပြီး ရောင်းချမှုစနစ်အား မှတ်တမ်းထားရှိပြီး စနစ်တကျ ရေးသွင်းပေးရန် လိုအေပ်ပါကြောင်း  အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)