စဉ့်ကိုင် ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ အသိပညာ၊ အတတ်ပညာများရရှိပြီး ဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် အသိပညာပေး ဟောပြောပွဲကို စံပြကျေးရွာ၌ ဇူလိုင်လ ၂၁ ရက် နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူးယစ်ဆေးဝါအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကလေး အလုပ်သမား ပပျောက်ရေးတို့နှင့် ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များ၊ ဥပဒေပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းဆွေးခဲ့ပြီး တက်ရောက်လာကြသူများ သိလိုသည်များ မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေး နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေး အသိပညာ ပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)