ချမ်းအေးသာစံ ဇူလိုင် ၂၂
မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၂)အခြေခံပညာအထက်တန်း းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အဆိုပါကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးသက်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ရျ် လူငယ်စကားဝိုင်းစတင်ခဲ့ပြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်ဦးဆောင်ကာ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းရှိ Grade-10 ကျောင်းသား မောင်အောင်မင်းခန့်က “သင်ယူမှု၊ သင်ယူခွင့် ဖန်တီးပေးရေး”၊ Grade-9 ကျောင်းသူ မရွှေစင်ခက “လူငယ်နှင့်နည်းပညာ”၊ Grade-9 ကျောင်းသားမောင်ဝေယံပိုင်က “လူငယ်နှင့်စာဖတ်ခြင်း”၊ Grade-10 ကျောင်းသူ မကြယ်စင်လဲ့ဝေက “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” နှင့် Grade-10 ကျောင်းသူမပိုးဇာနည်ကျော်က “အမျိုးသမီးများ၏ အခန်းကဏ္ဍ” ခေါင်းစဥ်ငါးရပ်ဖြင့် ဆွေးနွေးပြောကြား ခဲ့သည်။
လူငယ်စကားဝိုင်းသို့ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ ချမ်းအေးသာစံမြို့နယ် ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် ဝန်ထမ်းများ၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးသက်စိုးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)