ရွှေကျင် ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပေါင်ချိန်ခြင်းနှင့် ဖြည့်စွက်အာဟာရများ ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲအချိန်မှစ၍ ညောင်ဝိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသက်(၂) နှစ်အောက် ကလေးငယ်များအား ပေါင်ချိန်ခြင်းနှင့် ဖြည့်စွက်အာဟာရများ ထောက်ပံ့ပေးခြင်းကို ခုတင် (၁၀၀) ဆေးရုံအုပ် ဒေါက်တာမြတ်သူ၏ လမ်းညွှန်မှုဖြင့် သားဖွားဆရာမ ဒေါ်မြင့်မြင့်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ညောင်ဝိုင်းရပ်ကွက်အတွင်းရှိ ကလေးငယ် (၅၃) ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)