မိတ္ထီလာ ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရေးဆွဲခြင်းလုပ်ငန်းနှင့် နှစ်အလိုက် ကျေးရွာဖွံ့ဖြိုး ရန်ပုံငွေ သုံးစွဲရေးအစီအစဉ် (AVIP) ရေးဆွဲခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့က ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ညောင်ဇောက်ကျေးရွာအုပ်စု ပျော်ဘွယ်လေးကျေးရွာ၊ လိန်တောကျေးရွာအုပ်စု အံ့ထူးကျေးရွာ၊ ဆည်ကုန်းကျေးရွာအုပ်စု ဆင်မီးကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာအုပ်စု ကန်ကြီးကုန်းကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သင်တန်းဖွင့်လှစ်ပို့ချရာ ၎င်းသင်တန်းကို သင်တန်းသား သင်တန်းသူ ၁၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ လေး ရက်ကြာဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)