တမူးမြို့၌ ဒုတိယအကြိမ်မြောက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ

တမူး ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်၊ ဝန်ထမ်းအိမ်ရာအနီး၊ တမူး-ဟဲဇင်းကျေးရွာသွားလမ်းဘေး၌ ဒုတိယအကြိမ်မြောက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

ဦးစွာ တမူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက ကျွန်းပျိုးပင်၊ ပျဉ်းကတိုးပင်နှင့် မျောက်ငိုပျိုးပင်များကိုပေးအပ်ရာ ခရိုင်/မြို့နယ်အဆင့်ဌာန တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကို၊ ခရိုင်/မြို့နယ်အဆင့်ဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများက ကျွန်းပင်၃၀၀ပင်၊ ပျဉ်းကတိုးပင် ၆၀၀ ပင်နှင့် မျောက်ငိုပင်၁၀၀ပင် စုစုပေါင်း ပျိုးပင်၁၀၀၀ ပင်ကို သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြပြီး စုပေါင်းစိုက်ပျိုးနေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

တမူးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လနှင့်ဇူလိုင်လအတွင်း မိုးရာသီကာလ၌ ကျေးရွာအခြေပြုတစ်ရွာ (၂ဧက)၊ ပထမအကြိမ်မြောက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၊ တမူး-ရေအေးကျေးရွာသွားလမ်းဘေးဝဲယာ၊ ကလေးဝ-ကျီးကုန်း-တမူးကားလမ်းဘေးဝဲယာ၊ ဌာနဆိုင်ရာရုံးများနှင့် ပြည်သူ လူထုများမှ စိုက်ပျိုးမှုနှင့် ဒုတိယအကြိမ်မြောက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအပါအဝင် ရတနာတန်းဝင်အပင် ၂၉၅၀ ပင်နှင့် အရိပ်ရလေကာပင် ၃၀၅၀ စုစုပေါင်း   ၆၀၀၀ ပင်ကို စိုက်ပျိုးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)