စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး စစ်ကိုင်းမြို့မရဲစခန်းအချုပ်ခန်းအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်း  ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးဒေါ်မိမိစိန်သည် စစ်ကိုင်းခရိုင် တရားသူကြီး စစ်ကိုင်းမြို့နယ်တရားသူကြီးတို့နှင့်အတူ ဇူလိုင်(၂၂)ရက်က စစ်ကိုင်းမြို့ရှိ မြို့မရဲစခန်း အချုပ်ခန်းကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် အချုပ်သူ၊ အချုပ်သားများနှင့် တွေ့ဆုံ၍ ဥပဒေနှင့်အညီ ရသင့် ရထိုက်သော အခွင့်အရေးများခံစားရရှိခြင်း ရှိမရှိ၊ သင့်တင့်မျှတသော အစာအာဟာရ ရရှိမှု ရှိမရှိ၊ ဆေးဝါးကုသခွင့် ရှိ/မရှိ၊ အချုပ်သူများအား အမျိုးသမီး လုံခြုံရေး အစောင့်အရှောက်ဖြင့် ထားရှိခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို အကြံပြုညှိနှိုင်းဆောင်ရွက်ပေးပြီး အချုပ်သူ၊ အချုပ်သားများအတွက် အာဟာရဒါန ကျွေးမွေးလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)