သတင်းများ

ကွန်ဟိန်းမြို့နယ်တွင် မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့်  ပဒေသာကပွဲ ကျင်းပ
Mar 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကွန်ဟိန်းမူလတန်းကြိုကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ခဲ့သည့် ကျောင်းသား/ ကျောင်းသူ ရင်သွေးငယ်များအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက ဟိတကာရီခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ် အင်းရဲကျေးရွာအုပ်စုတွင် ပြည့်သူစစ်မှုထမ်း ဥပ‌ဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေး‌နွေးပွဲ ပြုလုပ်
Mar 20,2024
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရှင်းလင်းဆွေးနွေးပွဲကို ဧရာဝတီတိုင်း‌ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းရဲကျေးရွာရှိ ပြည်လုံးချမ်းသာ ဘုရားတန်စောင်း၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။
ကျိုက်မရောဒေသထွက်ဒူးရင်းသီးများ စတင်ထွက်ရှိ၍ စျေးကောင်းရရှိနေ
Mar 20,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဒေသထွက် ယိုးဒယားဒူးရင်းသီးများ စတင်ထွက်ရှိနေပြီးဖြစ်ရာ ဒူးရင်းသီးခြံပိုင်ရှင်များ ပေါ်ဦးပေါ်ဖြား စျေးကောင်းရရှိနေသဖြင့် ဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကုန်းကြီးအုပ်စု၊ ကျုံဖား-ခလောက်မဲ အုပ်စုချင်းဆက် ချောင်းကျောက်လမ်းဖွင့်ပွဲကျင်းပ
Mar 20,2024
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကုန်းကြီးအုပ်စုတွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သိန်း(၉၀၀)မှ ရန်ပုံငွေ(၄၅)သိန်း၊ ပြည်သူ ထည့်ဝင်ငွေ (၁၀)သိန်း၊ စုစုပေါင်း(၅၅)သိန်းဖြင့် ဆောင်ရွက်ခဲ့သော ကုန်းကြီးအုပ်စု၊ ကျုံဖား-ခလောက်မဲ အုပ်စုချင်းဆက် (၁၀၀၀’ x ၁၀’ x ၅”) ချောင်းကျောက်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါ လမ်းမုခ်ဦးရှေ့တွင် ပြုလုပ်ခဲ့သည်။
ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများ ကျင်းပ
Mar 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အတွေး အခေါ်များ မြင့်မားလာစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး မြင့်မားစေရန်နှင့် စာဖတ်ရှိန် မြင့်မားစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။
ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်
Mar 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက တပေတမော့ ကျေးရွာအုပ်စု၊ မဟာရွှေဘုန်းမြင့်စေတီ ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီ အခမဲ့ အခြေခံပန်းချီ သင်တန်းဖွင့်လှစ်
Mar 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့ နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီ အချိန်က နွေရာသီ အခမဲ့အခြေခံပန်းချီသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ သုံးခွမြို့နယ်ရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား လာရောက်ကြည့်ရှုစစ်ဆေး
Mar 20,2024
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေနေများကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။