ဟင်္သာတ မတ် ၂၀
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကုန်းကြီးအုပ်စုတွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သိန်း(၉၀၀)မှ ရန်ပုံငွေ(၄၅)သိန်း၊ ပြည်သူ ထည့်ဝင်ငွေ (၁၀)သိန်း၊ စုစုပေါင်း(၅၅)သိန်းဖြင့် ဆောင်ရွက်ခဲ့သော ကုန်းကြီးအုပ်စု၊ ကျုံဖား-ခလောက်မဲ အုပ်စုချင်းဆက် (၁၀၀၀’ x ၁၀’ x ၅”) ချောင်းကျောက်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါ လမ်းမုခ်ဦးရှေ့တွင် ပြုလုပ်ခဲ့သည်။
လမ်းဖွင့်ပွဲအခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း၊ အဖွဲ့ဝင် (၂) ဦးမြင့်သိန်း၊ အဖွဲ့ဝင်(၃) ဦးစိုးမြင့်အောင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာကျော်လွင် (မြို့ပြ)တို့မှ လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူ များနှင့် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများနှင့် ဧည့်သည် တော်များက ကျုံဖား-ခလောက်မဲ အုပ်စုချင်းဆက် ချောင်းကျောက်လမ်းအား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သိန်း(၉၀၀)မှ ရန်ပုံငွေ(၄၅)သိန်း၊ ပြည်သူထည့်ဝင်ငွေ(၂၀)သိန်း၊ စုစုပေါင်း (၆၅)သိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဟင်္သာတမြို့နယ်၊ တောင်လုံးစုအုပ်စု၊ တောင်လုံးစု-ခြေတော်ရာ-ကျောင်းစု ရွာချင်းဆက် (၈၅၀’ x ၁၂’ x ၅”) ချောင်းကျောက်လမ်း ဖွင့်ပွဲအခမ်းအနား အား နံနက် ၁၀ နာရီအချိန်တွင် တောင်လုံးစုကျေးရွာ၊ လမ်းဖွင့်ပွဲမဏ္ဍပ်နေရာတွင် ကျင်းပပြုလုပ် ခဲ့ရာ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးမြင့်သိန်း၊ အဖွဲ့ဝင်(၃) ဦးစိုးမြင့်အောင်၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာကျော်လွင်(မြို့ပြ)၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကာ တောင်လုံးစု-ခြေတော်ရာ-ကျောင်းစု ကျေးရွာချင်းဆက် ချောင်းကျောက် လမ်းသစ်အား တာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)