သတင်းများ

ရွှေသောင်ယံမြို့တွင် ဉာဏ်တော် (၂၇) တောင်အမြင့်ရှိ မေတ္တာအေးစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်မည်
Mar 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက် ဝိဝေကာရာမ ကျောင်းတိုက်အနီး ကြားလားတောင်တော်ပေါ်တွင် ဝိဝေကာရာမကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဓမ္မိက ဦးဆောင်၍ အမှတ်(၁) ရပ်ကွက်ရှိဒယကာ၊ ဒယိကာမများ၊ ရပ်နီး၊ ရပ်ဝေးမှ အလှူရှင်များဖြင့် ဉာဏ်တော် (၂၇)တောင်အမြင့်ရှိ မေတ္တာအေးစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အသိ‌ပညာဖြန့်ဝေ
Mar 21,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခ‌‌မောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ခမောက်ကြီးမြို့ လူစည်ကားသည့်နေရာများတွင် ဒေသခံပြည်သူများအား အသိပညာပေး ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကျောက်ဆည်မြို့၌  အခြေခံပညာမူလတန်းအဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ဆရာမများ စွမ်းရည်မြင့်မားရေး သင်တန်းဖွင့်လှစ်
Mar 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အနော်ရထာခန်းမဆောင်၌ အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံအတွက် အရေးကြီးသော လူသားအရင်းအမြစ်များ အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နံနက် (၉) နာရီက အခြေခံပညာမူလတန်းအဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ဆရာမများ စွမ်းရည်မြင့်မားရေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် လူငယ်များ ဗလငါးတန် ပြည့်ဝစေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်
Mar 21,2024
လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၀)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ် မြို့မဈေးရှေ့၌ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်
Mar 21,2024
မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါရုံး Community Centre ခန်းမ၌ ကျင်းပသည်။
ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Mar 21,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမကြီး ခင်ဆွေဦး ရေးသားသည့် “ အင်ကြင်းရဂုံ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံသစ်တောကျောင်း ၂၀၂၃-၂၀၂၄ ခုနှစ် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ်(၁၁၇) ၏ အမှတ်စဉ် (၈-၉/၂၀၂၄) ရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ ကျင်းပ
Mar 21,2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊  မြန်မာနိုင်ငံ သစ်တောကျောင်း၊  ၂၀၂၃-၂၀၂၄ ခုနှစ် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) ၏ အမှတ်စဉ် (၈-၉/၂၀၂၄) ရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ ၁၆ နာရီက ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်း၏ ကျွန်းရတနာခန်းမ၌ ကျင်းပသည်။