သတင်းများ

ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
Mar 19,2024
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီခွဲက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ ပုဂ္ဂလိကဆေးခန်းများအား လုပ်ငန်းလိုင်စင် ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Mar 19,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ပုဂ္ဂလိကဆေးခန်းများအား လုပ်ငန်းလိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း (၁၇)မျိုးကို ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်
Mar 19,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ မြို့သာယာလှပစေရန်အတွက် မြို့တွင်းလမ်းများ အုတ်စီရေမြောင်းပြုလုပ်ခြင်း၊ လမ်းနှင့်တံတားများ အဆင့်မြှင့်တင်ခြင်း၊ အခြားပြင်/ထိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကန်ကြီးထောင့်မြို့နယ်တွင် ကျင်းပသော ပြည်သူ့စစ်မှုထမ်းဥပဒနှင့်ပတ်သက်၍ ပြည်သူများအား တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား တက်ရောက်
Mar 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၂)နာရီ အချိန်ခန့်က မြို့နယ်ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရးရာဝန်ကြီး တက်ရောက်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ (မုဒိတာ) စာဖတ်ဝိုင်းကျင်းပ
Mar 19,2024
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၏" လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ စုပေါင်းသန့်ရှင်းရေးနှင့် ကက်သလစ်အသင်းတော် စိန်သောမတ် (စ်) ဓမ္မာရုံသစ်ဖွင့်ပွဲသို့ တက်ရောက်
Mar 19,2024
ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး မတည်ဆောင်ရွက်ပေးလျက်ရှိရာ ချေးငွေ ပထမနှစ် စက်ဝန်းကို အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပြီး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်း လည်ပတ် ရာတွင် လုပ်ငန်းကဏ္ဍအလိုက် လုံခြုံစိတ်ချပြီး ပိုမိုတိုးတက်အောင်မြင်အောင် လည်ပတ်နိုင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေး (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြုလုပ်ခဲ့သည်။
ငွေဆောင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များ ဝေငှ
Mar 19,2024
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပက်သက်၍ ပြည်သူများ ကျယ်ကျယ့်ပြန့်ပြန့် သိရှိစေရန် ရည် ရွယ်ကာ ယနေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များအား ဒေသခံပြည်သူများ၊ဌာနဆိုင်ရာများနှင့် ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့များထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင်၌ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲကျင်းပ
Mar 19,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ကျောင်းသား ကျောင်းသူများ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်စွမ်းရည်များမြင့်မားလာစေရန်နှင့် ဖတ်မှတ်လေ့လာသည့် အလေ့အကျင့်များရရှိလာစေရန်အတွက် ဟောပြောပွဲ၊စာဖတ်စွမ်းရည်၊ ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲကို မတ် (၁၈) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။