သတင်းများ

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ကြာမှောက်၊ ကြာလှန်နှင့် ရွဲလုံးကြီးများရှိ ရွှေပြားများပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများစတင်
Mar 20,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရန် ကြာမှောက်၊ ကြာလှန်နှင့်ရွဲလုံးကြီးများရှိ ရွှေပြားများ ပြန်လည်ပြုပြင်၍ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် ရွှေမိုက်ထုတ်ယူနိုင်ရေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် လူငယ်အသင်း Youth Club တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Mar 20,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ ဒေါက်တာ ကျော်စိန်၏ " လူငယ်လမ်းညွှန်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ပဲခူးမြစ်ကူး သစ်သားဘေလီတံတားအား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်
Mar 20,2024
ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ ညောင်ဝိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးကြီးသို့ ဆက်သွယ်တည်ဆောက်ထားသည့် ပဲခူးမြစ်ကူး သစ်သားဘေလီတံတားအား သံကူကွန်ကရစ် တံတားအဖြစ်အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိကြောင်း တံတားတည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
ရွှေတောင်မြို့နယ်အတွင်း လမ်းအဆင့်မြင့်တင်ရန် မြေပြင်ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအား ကြည့်ရှု့စစ်ဆေး
Mar 20,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Mar 20,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀:၀၀)နာရီက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ/ ဆရာမများ စွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်) ဆွေးနွေးပွဲကျင်းပ
Mar 20,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ အခြေခံပညာမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ/ ဆရာမများ စွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ အ.ထ.က (နတ်တလင်း) ကျောင်း မနောဟဒယခန်းမ၌ ကျင်းပခဲ့ရာ နတ်တလင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လှိုင်နှင့် တာဝန်ရှိသူများ၊ နတ်တလင်းမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူးဦးအေးစိုးဌေး၊ ဗဟိုသင်တန်းနည်းပြ ဦးမင်းမင်းနှင့် သင်တန်းနည်း​ပြများ၊ နတ်တလင်းခရိုင်အတွင်းရှိ အခြေခံပညာမူလတန်းဆင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဟိုင်းကြီးကျွန်းမြို့၌ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးမိဘပြည်သူများအား Biometric Data ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လ ၁၀ ရက်နေ့ (တပေါင်းလဆန်း (၁)ရက်နေ့)မှ စတင်ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားများပြားလျက် ရှိပြီး ဘုရားဖူးမိဘပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းဖြစ်သည့် Biometric Data ကောက်ယူ ခြင်းလုပ်ငန်းအား ငပုတောမြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကောက်ယူဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ ဒေသခံပြည်သူများ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့
Mar 20,2024
သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် သောက်သုံးရေများကို တောတောင်များမှ ထွက်ရှိသည့် စိမ့်စမ်းရေကို အဓိကသွယ်ယူသုံးစွဲကြရသည်။