ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
Mar 19,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ဧက ၁၀၀ မိုးစပါး-မတ်ပဲ-နွေစပါး စိုက်ပျိုးခြင်းအား မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားပါသည်။ နေ့လယ်ပိုင်းတွင် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ယုန်သလင်းအုပ်စု၊ ရွှေမန်းလွင်ကျေးရွာ၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။