နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
Mar 20,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးသူအောင်၊ ခရိုင်ပညာရေးမှူး ဦးရဲသူရခင်စိုး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သန်းနိုင်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲနှင့် ၂၀၂၄ ခုနှစ် အခြေခံမူလတန်းဆင့်သင်(လုပ်ငန်းခွင်ဝင်စ) ဆရာ/ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲများ တက်ရောက်၍ ကြည့်ရှုအားပေးခဲ့သည်။