ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်

ကျိုက်လတ် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက တပေတမော့ ကျေးရွာအုပ်စု၊ မဟာရွှေဘုန်းမြင့်စေတီ ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဟောပြောပွဲဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်းနှင့် အဖွဲ့ဝင်(၃) ဦးထွန်းဆွေတို့က ပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရ မည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို‌ကြောင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအား ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာလက်ကမ်းစာစောင်များအား ပြည်သူများထံသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၂၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဟောပြောခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)