သတင်းများ

ရွှေသောင်ယံမြို့ရုံးတွင် စာဖတ်ဝိုင်းပြုလုပ်
Mar 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ပတ္တမြားလှံတံ0ဝတ္ထုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ရာ Book Clubအဖွဲ့ဝင်များတက်ရောက်ဆွေးနွေး ခဲ့ကြသည်။
သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club ၊ Youth Club အဖွဲ့များ စာဖတ်ဝိုင်းပြုလုပ်
Mar 19,2024
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းရှိ Book Club နှင့် Youth Club အဖွဲ့ဝင်များသည် မြို့နယ်ရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက စာရေးဆရာဖေမြင့်၏ “ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ဆီထွက်သီးနှံဆောင်းနေကြာ စံပြစိုက်ခင်း ရိတ်သိမ်းပွဲကျင်းပ
Mar 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ္တလုပ်ကြီးကျေးရွာရှိ တောင်သူ ဦးသိန်းကြွယ်၏ ကွင်းအမှတ် (၁၂၆၈-က)၊ ဦးပိုင်အမှတ် (၃/၉)၊ ဧရိယာ (၆)ဧကတွင် ဆောင်းသီ နှံနေကြာစံပြကွက် ဆင်းရွှေကြာ ၂ စိုက်ပျိုးထား သည့် စိုက်ခင်းစံကွက်ရိတ် သိမ်းပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Mar 19,2024
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေး ဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ကောင်းစံသာ(ရေကြည်) ရေးသားသည့် လူငယ်တွေဖတ်ဖို့ စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
လားရှိုးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Mar 19,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Mar 19,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကြည့်မြင်တိုင်မြို့နယ်၌ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 19,2024
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သွားရောက်ဖြန့်ဝေလျက်ရှိသည်။
ခန္တီးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းသရုပ်ပြပွဲပြုလုပ်
Mar 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားမပေါ်ပေါက်စေရန်၊ ရုံးဌာနမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးငြိမ်းသတ်ခြင်းလုပ်ငန်းများအား ပါဝင်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ခန္တီး ခရိုင်မီးသတ်ဉီးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ခန္တီးမြို့မ ရဲစခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။