ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီ အခမဲ့ အခြေခံပန်းချီ သင်တန်းဖွင့်လှစ်

ဒလ မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီ အချိန်က နွေရာသီ အခမဲ့အခြေခံပန်းချီသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌ ဦးသန်း၀င်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီအနုပညာဖန်တီးရာတွင် တီထွင်ကြံဆတတ်စေရန်၊ အရောင်များ ရွေးချယ်တတ်စေရန်၊ ဉာဏ်ရည်/ဉာဏ်သွေး ထက်မြက်စေရန်နှင့်  လူတော်လူကောင်းလေးများ ဖြစ်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြ ပန်းချီဆရာဦးမြင့်စိန်က ပန်းချီပညာအတွက် အခြေခံကျသည့် မျဥ်းကြောင်းရေးဆွဲနည်းများကို စာတွေ့၊လက်တွေ့ သင်ကြားပို့ချခဲ့သည်။

အဆိုပါ သင်တန်းကို ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ(၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်ဇော်(ပြန်/ဆက်)