ကွန်ဟိန်းမြို့နယ်တွင် မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့်  ပဒေသာကပွဲ ကျင်းပ

ကွန်ဟိန်း မတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကွန်ဟိန်းမူလတန်းကြိုကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ခဲ့သည့် ကျောင်းသား/ ကျောင်းသူ ရင်သွေးငယ်များအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက ဟိတကာရီခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ဗျူဟာ(အခြေချ) ကွန်ဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့် ကွန်ဟိန်းမြို့ မူလတန်းကြိုကျောင်း မိဘဆရာအသင်း နာယက ဦးနေအောင်က အမှာစကားပြောကြားခဲ့ပြီး မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးရတနာအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ကျောင်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူရင်သွေးငယ်များက တိုင်းရင်းသားရိုးရာ အကအလှ၊ ခေတ်ပေါ်တေးဂီတသီချင်းဖြင့်   ဖျော်ဖြေတင်ဆက်ကပြခဲ့ကြကြောင်း သိါသည်။

အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ) ကွန်ဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်သက်သက်မွန်နှင့် အဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ကျောင်းသားမိဘများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)