အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဖွင့်ပွဲအခမ်းအနား တက်ရောက်

လှိုင်းဘွဲ ဇူလိုင် ၂၂

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို   ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပရာ  ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဒေါ်နော်သန်းသန်းငြိမ်းမှ တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးမင်းရွှေက  ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက်   ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)နှင့်   လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဇူလိုင်လ(၂၂)ရက်နေ့မှ (၃၁)ရက်နေ့အထိ  ၁၀ ရက် တာကာလအတွင်း ရပ်ကွက်၊ကျေးရွာအုပ်စု(၆၇)အုပ်စုမှ အသစ်ပြန်လည်ရွှေးချယ် ခန့်အပ်ထားပြီးသောအုပ်ချုပ်ရေးမှူး စုစုပေါင်း  (၆၇)ဦး တက်ရောက်ကြမည်ဖြစ်ပြီး၊   ဥပဒေ၊နည်းဥပဒေများ၊ လယ်ယာမြေ ဥပဒေ၊နည်းဥပဒေများ၊  နိုင်ငံတော်အစိုးရမူဝါဒနှင့် ရည်မှန်းချက်များ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတာဝန်များ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းများစသည့်ဘာသာရပ်များအား သက်ဆိုင်သည့် ခရိုင်အဆင့်၊   မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများက သင်ခန်းစာများကို ဆွေးနွေးပို့ချပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)